ကျန်းမာရေးအာမခံထက် ပိုပြီး စောင့်ရှောက်ကူညီခြင်း။

ကျွန်ုပ်တို့ရဲ့ အမြော်အမြင်အရှိဆုံး လုပ်ဆောင်ချက်။

Indiana အတွက် ပိုလုပ်ကိုင်ခြင်း

MDwise ကျန်းမာရေးအစီအစဥ်က သင့်အတွက် သင့်လျော်ပါရဲ့လား?

Healthy Indiana Plan

Healthy Indiana Plan (HIP) သည် HIP ဝင်ငွေကန့်သတ်ချက် သို့မဟုတ် ထို့ထက်နည်းသော ပမာဏရရှိသည့် အသက် 19 မှ 64 ကြား အရည်အသွေးပြည့်မီသော Hoosiers များအတွက် ဖြစ်ပါသည်။ ယခုအစီအစဥ်တွင် ကိုယ်ဝန်ဆောင်များ ပါဝင်ပါသည်။


HIP အတွက် အကျုံးဝင်မှုကို တွက်ချက်ပါ

ကျန်းမာရေးဝန်ဆောင်မှုများတွင် ပါဝင်သည်တို့မှာ-

  • ဆရာဝန်နှင့် ဆေးစစ်ခြင်း
  • HIP Plus ဖြင့် သွားကျန်းမာရေးနှင့် မျက်စိကျန်းမာရေးစောင့်ရှောက်မှု
  • အညွှန်းဆေးရရှိမှု
  • ကိုယ်ဝန်ဆောင်မိခင်များအတွက် မီးဖွားဝန်ဆောင်မှုများ
  • အခြားအရာများစွာ
Hoosier Healthwise Health Care Program

Hoosier Healthwise အစီအစဥ်သည် ဝင်ငွေနည်းသော အိမ်ထောင်စုရှိ အသက် 19 နှစ်အောက် ကလေးများအတွက်ဖြစ်သည်။

ကျန်းမာရေးဝန်ဆောင်မှုများတွင် ပါဝင်သည်တို့မှာ-

  • ဆရာဝန်နှင့် ဆေးစစ်ခြင်း
  • အပြုအမူနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုများ
  • သွားနှင့် မျက်လုံးကျန်းမာရေး
  • ကျောင်းအခြေပြု ကျန်းမာရေးဝန်ဆောင်မှုများ
  • အညွှန်းဆေးရရှိမှု (စားရိတ်မျှပေး $3-10)
  • အခြားအရာများစွာ

MDwise ကျန်းမာရေးအစီအစဥ်ကိုလျှောက်ဖို့ အဆင်သင့်ဖြစ်ပြီလား?

သို့မဟုတ် ဖုန်းခေါ်ရန် 1-844-346-2737

97%
Recommended by 97% of MDwise Members

MDwise သည် Hoosiers များအတွက်သာ

97%
Recommended by 97% of MDwise Members

MDwise သည် Indiana ၏ အကျိုးအမြတ်မယူသော ကျန်းမာရေးထိန်းသိမ်းမှု အဖွဲ့အစည်းဖြစ်ပြီး 1994 တွင် စတင်တည်ထောင်ပါသည်။ ကျွန်ုပ်တို့သည် Medicaid အသင်းဝင်များအတွက် အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးကို စီစဥ်ပေးပါသည်။ MDwise သည် စီစဥ်ပေးသူမှ ပိုင်ဆိုင်သည့် ကျန်းမာရေးအစီအစဥ်ဖြစ်ပြီး ပြည်နယ်တဝှမ်းမှ ဆရာဝန်များ၊ အထူးကုများ၊ ဆေးရုံများနှင့် ကျယ်ပြန့်သောကွန်ယက် ချိတ်ဆက်ထားပါသည်။

ကျွန်ုပ်တို့သည် Indiana တွင်နေထိုင်သူ 350,000 ကျော်အား ကူညီပေးနေသည်ဟူသော အသိဖြင့် နံနက်တိုင်း အလုပ်ဝင်ကြပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အဖွဲ့ဝင်များ၏ 97% က MDwise ကို သူတို့၏ မိသားစုနှင့် မိတ်ဆွေများအတွက် ညွှန်းဆိုခြင်း ဖြစ်နိုင်ပါသည်။

MDwise ၏ ဝန်ဆောင်မှုနှင့် ဆေးကုသမှုဆိုင်ရာ အရည်အသွေးကို အမျိုးသားအရည်အသွေး ကြီးကြပ်မှုကော်မတီ (NCQA) မှ အသိအမှတ်ပြုထားပါသည်။ ကျွန်ုပ်တို့သည် American Business ဆုချီးမြှင့်ပွဲတွင်လည်း သုံးစွဲသူဝန်ဆောင်မှုအတွက် Stevie ကြေးတံဆိပ်ကို ဆွတ်ခူးထားပါသည်။

MDwise သည် သင့်လျော်သော ဖက်ဒရယ် နိုင်ငံသားအခွင့်အရေး ဥပဒေကို လိုက်နာပြီး လူမျိုး၊ အသား အရောင်၊ မူလနိုင်ငံသား၊အသက်အရွယ်၊ မစွမ်းမသန်မှု၊ သို့မဟုတ် လိင် တို့ကြောင့် ခွဲခြားဆက်ဆံခြင်း မရှိပါ။